ဖျာပုံ ဇွန် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အနေဖြင့် ရေချို၊ ရေငန်ဒေသဖြစ်ပြီး ဆန်စပါးကို အဓိကစိုက်ပျိုးလျက်ရှိသောဒေသဖြစ်ရာ ဖျာပုံခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ အချိန်စေ့ကြွေးကျန်အားလုံးပြေကြေပြီးသူ တောင်သူများအား ၂၀၂၄ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို လက်ပန်ကျေးရွာအုပ်စုရှိ တောင်သူများအား ယနေ့ နံနက်ပိုင်းအချိန်က အဆိုပါ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ၂၀၂၄ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ စတင်ထုတ်ချေးပေးရာတွင် ဖျာပုံခရိုင်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ခရိုင်မန်နေဂျာဦးခင်မောင်ဝင်းက မြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် အချိန်စေ့ကြွေးကျန်အားလုံး ပြေကြေဆပ်ကြရန်နှင့် ကြွေးကျန်တောင်သူများအနေဖြင့် ရုံးဖွင့်ရက်များတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သို့ ပေးသွင်းရန်ကျန်ရှိနေသော စိုက်ပျိုးစရိတ်ချေးငွေများအား ပြေကြေပေးဆပ်ကြရန်တောင်သူများအား ဆွေးနွေးပြောကြားပြီး၊၂၀၂၄ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ အချိန်စေ့ကြွေးကျန်အားလုံးပြေကြေပြီးသူ တောင်သူများအား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ဖျာပုံ)မှ နေ့ရက်အလိုက် ဆက်လက်ထုတ်ချေးပေးလျက်ရှိရာ လက်ပန်ကျေးရွာအုပ်စုရှိ တောင်သူ (၁၉၆)ဦး၊ လယ်မြေဧက (၁၈၆၄)ဧက အတွက် ၂၀၂၄ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေအဖြစ် တစ်ဧကလျှင် (၁၅၀,၀၀၀) ကျပ်နှုန်းဖြင့် ငွေကျပ်(၂၇၉၆)သိန်းအား ထုတ်ချေးပေးခဲ့ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ဖျာပုံ)မှ သိရှိရသည်။
အောင်ဝင်းနိုင်