တာလေမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အသိပညာပေး ဟောပြောပွဲကျင်းပ

 တာလေ ဇွန် ၁၂

ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဉီးစီးဌာနမှ ဒုတိယဉီးစီးမှူး ဦးပြည့်ဖြိုးဇော်က ကလေးအလုပ်သမားပပျောက်ရေး လှုပ်ရှားမှုဟာ နိုင်ငံတော်အဆင့်ဖြစ်ကြောင်း၊ ကလေး၏ အသက်အပိုင်းအခြား၊ ကလေးသူငယ် အခွင့်အရေးများ‌အကြောင်း၊ ပညာသင်ကြားရမယ့်အရွယ် ကလေးသူငယ်များအား အလုပ်သမားအဖြစ် လုံးဝခိုင်းစေခွင့် မရှိကြောင်းနှင့် "ကလေးကောင်းမှ လူကြီးကောင်းမည်"ဆိုတဲ့ ဆောင်ပုဒ်နှင့်အညီ ကလေးဆိုတာ တိုင်းပြည်အနာဂတ်ဖြစ်ပုံ စသည့် အကြောင်းအရာများကို‌က သေးစိတ်ရှင်းလင်း ပြောကြားခဲ့ပြီး စာအုပ်စာဆောင်များနဲ့ နံရကပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် အခြေခံပညာဦးစီးဌာတို့ပူးပေါင်း၍
  ယနေ့ နံနက် (၉) နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ "ကလေးအလုပ်သမား ပပျောက်ရေး" အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုးလရောင်(ပြန်/ဆက်)