ဝါးခယ်မမြို့၌ ကုန်ပစ္စည်းများအား ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

ဝါးခယ်မ ဇွန် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့ မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသည့် ကုန်ပစ္စည်းများအား ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးအတွက် ယနေ့နံနက် (၁၀) နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဝါးခယ်မမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ဝါးခယ်မမြို့ မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များ၌ ရောင်းချလျက်ရှိသော ကုန်းပစ္စည်းများတွင် ကျန်းမာရေထောက်ခံချက်ပါရှိမှုရှိ/မရှိ၊ အရည်အသွေးပြည့်ဝမှုရှိ/မရှိ၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးနှင့် သိုလှောင်ရုံများဖြင့် သိုလှောင်ရောင်းချခြင်း မရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေး၍ လိုအပ်ချက်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

စားသုံးသူရေးရာဦးစီးဌာနသည် ပြည်သူများနေ့စဉ်ဝယ်ယူစားသောက်သုံးစွဲနေသည့် ကုန်စည်များကို ကျန်းမာရေးနှင့်ကိုက်ညီမှုရှိစေရေးအတွက် အပတ်စဉ်ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)