ကန့်ဘလူ ဇွန် ၁၂
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် လူငယ်လူရွယ်များနှင့် ဒေသခံပြည်သူများ လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးတိုးတက်လာစေရန်၊ ကွန်ပျူတာပညာရပ်များကို စနစ်တ ကျလေ့လာ ကျွမ်းကျင်တတ်မြောက်စေရန် ၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍ ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံကွန်ပျူတာသင်တန်း အမှတ်စဥ်( ၄/၂၀၂၄)သင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၁၀) နာရီက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် သင်တန်းဖွင့်လှစ်မည့် အခြေအနေများ၊ သင်တန်းစည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကွန်ပျူတာသင်တန်း ဖွင့်လှစ်သင်ကြားပေးနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။ အဆိုပါ သင်တန်းသို့ သင်တန်းသား/သင်တန်းသူ (၁၀) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလ တစ်လကြာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ပြန်/ဆက်)