ကျေးသီး မေ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ခုဘဏ္ဍာနှစ်တွင် မြို့နယ်အတွင်းရှိ ကျေးရွာများ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)ကျေးရွာများ ရွေးချယ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာအခမ်းအနားတွင် ကျေးသီး မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဦးက အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးနိုင်က ဖွံ့ဖြိုးရေးလုပ်ငန်းကို အမှန်တစ်ကယ်လိုအပ်သည့် ကျေးရွာများ၊ လမ်းပန်းဆက်သွယ်ရေး လွယ်ကူသော ကျေးရွာ၊ စည်းလုံးညီညွတ်သော ကျေးရွာများကို ဦးစားပေး ရွေးချယ်ပေးစေလိုကြောင်းနှင့်သတ်မှတ်ထားသည့် ကျေးရွာရွေးချယ်ရေး စံသတ်မှတ်ချက် များအား ရှင်းလင်းတင်ပြသည်။ ထို့နောက်ကျေးရွာရွေးချယ်ပွဲသို့ တက်ရောက်လာကြသော ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာနှစ်တွင် VDP စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရန် သတ်မှတ်စည်းကမ်းချက်များနှင့် ကိုက်ညီသည့် ကျေးရွာ(၁၆)ရွာကို အတည်ပြုရွေးချယ်ပေးခဲ့ကြကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးနိုင်ထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)