အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အလယ်တန်းဆင့် ပန်းချီပြိုင်ပွဲ ကျင်းပ

သရက် ဇွန် ၁၂

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အလယ်တန်းဆင့် ပန်းချီပြိုင်ပွဲ ကျင်းပခြင်းကို ယနေ့ နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင် မြို့ပေါ် အထက်တန်းကျောင်းနှင့် အလယ်တန်းကျောင်းများမှ ကျောင်းသားကျောင်းသူ(၂၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်ဆွေက ပြိုင်ပွဲ ကျင်းပရသည့် ရည်ရွယ်ချက်အား ပြောကြားပေးခဲ့ပြီး ပန်းချီဆရာဦးညွန့်လှိုင်က အမှတ်ပေး စည်းမျဉ်းစည်းကမ်းနှင့် ပတ်သက်၍ ပြောကြားပေးခဲ့သည်။ အခမ်းအနားအပြီးတွင် ပြိုင်ပွဲဝင်ကျောင်းသား/ကျောင်းသူ(၂၀)ဦးက ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ဇော်ထက်(သရက်)