ဝေါမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်သုံးဘီးမော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များ ကွင်းဆင်းငှားရမ်းပေး

ဝေါ ဇွန် ၁၂

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ရှိန်မြင့်မားလာစေရေးအတွက် နယ်လှည့်သုံးဘီးမော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက အရှေ့ဘက်ကမ်းရပ်ကွက်အတွင်းရှိ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) အောင်သုခကျောင်းတွင် ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား စာအုပ်စာစောင်များ ကွင်းဆင်းငှားရမ်းပေးကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းငှားရမ်းပေးရာတွင် ဆရာ၊ ဆရာမများအား သုတစာအုပ်များနှင့် ကျောင်းသား၊ ကျောင်းသူများအား ရသစာအုပ်များ၊ ကလေးဖတ်စာအုပ်စာစောင်များ ငှားရမ်းပေးပြီး ၊ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သီတာဝင်းက စက္ကူပြဇာတ်ဖြင့် ပုံပြင်များ ပြောကြားပေးသည်။

ထိုသို့ စာအုပ်၊စာစောင်များ ကွင်းဆင်းငှားရမ်းဆောင်ရွက်ပေးခြင်းကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဌာနဆိုင်ရာရုံးများ ရပ်ကွက်ကျေးရွာများရှိ အခြေခံပညာကျောင်းများကို ကွင်းဆင်းဌားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စိုးမိုး (ပြန်/ဆက်)