မက်မန်း ဇွန် ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာတိုးပွားရေး၊ နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်လာရေး၊ ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်မျာဖြစ် စေ၊ လူငယ်ကဏ္ဍာကိုမြှင့်တင်စေရန်ရည်ရွယ်၍ လူငယ်ရေးရာဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မက်မန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် မက်မန်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဥမ္မာချို (လက်ထောက်ညွှန်ကြားရေးမှူ) က “လူငယ်နှင့် စာရိတ္တ” ခေါင်းစဉ်ဖြင့် လူငယ်များအကြား ကိုယ်ကျင့်သီလကောင်းမွန်ရေး၊ အချင်းချင်းရိုင်းပင်းကူညီတတ်စေရေး၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် လေးစား၍ တစ်ဦး၏အခက်အခဲကိုတစ်ဦးက ဝိုင်းဝန်းကူးညီတတ်စေရန်နှင့် အစဉ်အမြဲနိုင်ငံတော်အတွက် ကြိုးစားအားထုတ်နေသော လူငယ်များဖြစ်လာစေရေး အကြောင်းအရာမျာကို ဟောပြောခဲ့သည်။ ထို့ပြင် ကျောင်းသား၊ ကျောင်းသူများ၏ ဘဝပန်းတိုင်ဖြစ်သော တက္ကသိုလ်ဝင်တန်းစာမေးပွဲအား အောင်မြင်နိုင်ရေး နည်းလမ်းအတွက် မဆုတ်မနစ်ကြိုးစားရမည့်အကြောင်းအရာများကိုလည်း ဟောပြောခဲ့သည်။
လူငယ်ရေးရာဟောပြောပွဲတွင် မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၆၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။