မြောက်ဥက္ကလာပမြို့နယ်တွင် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပ

မြောက်ဥက္ကလာပ ဇွန် ၁၃

၂၀၂၄ ခုနှစ် ဇွန်လ  ၁၂ ရက်နေ့တွင် ကျရောက်ခဲ့သည့် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ယနေ့နံနက် ၁၀နာရီက အမှတ်()အခြေခံပညာ အထက်တန်း ကျောင်းခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ အ.ထ.က()ကျောင်းမှ တာဝန်ခံဆရာမ ဒေါ်ခင်စန်းလွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မရမ်းကုန်းခရိုင်၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ခင်ဆွေမြင့်က ကလေးအလုပ်သမားလျော့နည်း ပပျောက်ရေးအတွက် ဟောပြောရာတွင်  အသက်(၁၄)နှစ် မပြည့်သေးသော  ကလေးများအား အလုပ်ခိုင်းခြင်းမပြုရန်၊  အသက်(၁၄)နှစ်ပြည့်ပြီး (၁၆)နှစ်ပြည့်မီသူများအား အလုပ်လုပ်ရန် သင့်လျော်ကြောင်း တာဝန်ခံဆရာဝန်၏ ခွင့်ပြုချက်ဖြင့် တစ်ရက်()နာရီထက်မပိုဘဲ ခိုင်းစေရန် စသည့်အကြောင်းများ၊  ကလေးသူငယ်များအား လုပ်ကိုင်ခွင့်မပြုသည့်နေရာများ၊ ကလေးသူငယ်များအား ခိုင်းစေခြင်းမပြုရမည့် အလုပ်များ၊  ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်းကို အကျယ်တဝင့် ဟောပြောခဲ့သည်။

ဆက်လက်၍ ကလေးအလုပ်သမားလျော့နည်းပပျောက်ရေး ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ပေး လက်ကမ်းစာစောင်များကို ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများထံ ဖြန့်ဝေပေးရာ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မြမြဝင်း(ပြန်/ဆက်)