ခိုလမ် ဇွန် ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် အခြေခံပညာမူလတန်း(နောင်ပိန်)ကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် (၉)နာရီခွဲအချိန်က ကျင်းပခဲ့ပါသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ဒုတိယဦးစီးမှူး) ဦးလွှမ်းသူနောင်မှ အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်နှင့် ဥာဏ်ရည်၊ ဥာဏ်သွေး တိုးတက်မြှင့်မားလာစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် အသိပညာပေးဟောပြောပွဲများကို ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး လူငယ်နှင့်မူးယစ်ဆေးအန္တရာယ်၊ မူးယစ်ဆေး၏ ဆိုးကျိုးများအကြောင်းကို ကျောင်းသား/ သူများအား ရှောင်ကြဥ်နိုင်စေရန် အသိပညာပေးဟောပြောကြားခဲ့သည်။
ထို့နောက် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်ကို ကျောင်းသား/ ကျောင်းသူများအား ပြသပေးခဲ့ကြောင်း သိရသည်။
နေလင်းထွန်း(ပြန်/ဆက်)