နတ်မောက် ဇွန် ၁၃
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်(၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်က မြို့တွင်းသန့်ရှင်းရေးကို စနစ်တကျပြုလုပ်ရန်၊ မိုးရာသီရောက်ရှိလာပြီဖြစ်တဲ့အတွက် လမ်းဘေးဝဲယာရှိ ရုံးများအနေဖြင့် မိမိတို့၏ ရုံးမျက်နှာစာများတွင် ပေါင်းမြက်များရှင်းလင်းထားရန်၊ ရေနုတ်မြောင်း များမှ ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေး ပိတ်ဆို့နေသော အမှိုက်သရှိုက်များ၊ မြက်ပင်၊ နွယ်ပင်များ ရှင်းလင်းထားရန်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ ဌာနဆိုင်ရာများအနေဖြင့် စာအုပ်စာစောင်များ စုပေါင်းလှူဒါန်းပေးစေလိုပါကြောင်း၊ ကျောင်းဖွင့်ရာသီရောက်ရှိလာပြီဖြစ်တဲ့အတွက် အခြေခံပညာရေးကျောင်းများမှ မိမိကျောင်းရှိ ကျောင်းသား/သူများ ကျန်းမာရေး ညီညွတ်စေရေး ခြင်၊ ယင်၊ ပိုးလောက်လမ်းများ ခိုအောင်းနိုင်သော နေရာများအား သန့်ရှင်းရေး ဆောင်ရွက်ရန်၊ မိမိလုံခြုံရေးနှင့် ရုံးလုံခြုံရေးအတွက် အထူးဂရုပြုဆောင်ရွက်ရန်နှင့် နယ်မြေလုံခြုံ ရေးကိစ္စများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် နယ်မြေကွင်းဆင်းရာတွင် သက်ဆိုင်ရာဌာနများ နှင့် ပူးပေါင်းဆောင်ရွက်ကြရန်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် ဌာနဆိုင်ရာများက လည်း မိမိတို့ဌာနအလိုက် တင်ပြဆွေးနွေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက တင်ပြချက် များကို ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
လှဝင်း