မုဒုံ ဇွန် ၁၃
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြင့်မားပြီး အသိပညာ ဗဟုသုတတိုးပွားစေရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများကို ယမန်နေ့က ရက်ကန်းနှင့်အသက် မွေးပညာသင်တန်းကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။
အသိပညာပေးဟောပြောရာတွင် မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက မူးယစ်ဆေး၏ အန္တရာယ်နှင့်ဆိုးကျိုးများ၊ မူးယစ်ကင်းစင်ရေးအတွက် ဆောင်ရန်/ရှောင်ရန်အချက်များနှင့် ကျောင်းသူ၊ကျောင်းသားများ ဗဟု သုတ တိုးပွားရေးအတွက် ကျောင်းပြင်ပစာပေများအပြင် အခြားစာအုပ်စာစောင်များကို လေ့လာဖတ်ရှုကြရေးတို့ကို ပြောကြားသည်။
အဆိုပါ အသိပညာပေးလုပ်ငန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသူ၊ ကျောင်းသားများ ဖတ်ရှုလေ့လာနိုင်ရန် သုတ၊ရသစာအုပ်များ၊ မဂ္ဂဇင်း၊ ပုံပြင်များစသည့် အသိပညာတိုးပွားရေး စာအုပ်စာပေများနှင့် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် မူးယစ်ဆေးဝါး အန္တရာယ်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး နံရံကပ်စာစောင်များတို့ကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ၊ သင်တန်းသူများမှ စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)