မင်းလှမြို့နယ်၌ အမှတ်(၄) အခြေခံပညာမူလတန်းကျောင်းတွင် နယ်လှည့်စာကြည့်တိုက်နှင့် အသိပညာပေးပောာပြောပွဲဆောင်ရွက်

အထက်မင်းလှ ဇွန် ၁၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတရရှိစေရေး ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယမန်နေ့ နံနက်(၈)နာရီခွဲက အမှတ်(၄) အခြေခံပညာမူလတန်းကျောင်းတွင် နယ်လှည့်စာကြည့်တိုက်နှင့် အသိပညာပေး ဟောပြောပွဲဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဇာဇာငြိမ်းက လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အကြောင်းအရာများနှင့် မူးယစ်ဆေးဝါး အန္တရာယ်အကြောင်းအရာများ၊ စာဖတ်ခြင်းဖြင့်ရရှိသော အကျိုးကျေးဇူးများ ကို အသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကလေးများ ဉာဏ်စွမ်းရည်ဖွံ့ဖြိုးစေရေးနှင့် စာဖတ်သည့်အလေ့အကျက့်ရရှိစေရန်၊ စာအုပ်များဖတ်ရှုစေပြီး မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်၊ စာဖတ်ခြင်းဖြင့်ရရှိ‌သော အကျိုး ကျေးဇူးများ၊ အသိပညာပေးနံရံကပ်စာစောင်များကို ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

ဇာဇာ(အထက်မင်းလှ)