ဘိုကလေးမြို့နယ်တွင် တရားမဝင်ဘီယာများ သယ်ယူရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ဘိုကလေး ဇွန် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်းတွင် အခွန်တံဆိပ်ကပ်နှိပ်ထားခြင်းမရှိသော ပြည်ပမှတရားမဝင် ဝင်ရောက်လာသည့် ဘီယာများ သယ်ယူရောင်းချနေမှု ရှိ/မရှိကို ယနေ့နံနက်(၁၀)နာရီအချိန်၌ ဘိုကလေးမြို့ပေါ်ရှိ အရက်၊ ဘီယာ လက်ကားရောင်းချနေ‌သော(FL-12)ဆိုင် (၁၃)ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

စစ်ဆေးရာတွင် ဘိုကလေးမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဇေယျာထွန်းနှင့်အတူ မြို့နယ်ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ အခွန်ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ ပူးပေါင်း၍ စစ်ဆေးခြင်းဖြစ်ပြီး အရက်၊ ဘီယာလက်ကားရောင်းချနေသာ (FL-12)ဆိုင်များအား တရားမဝင်သော ဘီယာများအား ရောင်းချခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်း မပြုလုပ်ရန်နှင့် မြန်မာနိုင်ငံအတွင်းရှိ လိုင်စင်ရ ဘီယာချက်စက်ရုံများမှ ထုတ်လုပ်သည့် ကျသင့်အခွန်များကို ပြည်တွင်းအခွန်များဦးစီးဌာနတွင် အခွန်ဆောင်ထားသော ဘီယာများကိုသာ ရောင်းချရန် လမ်းညွှန်မှာကြားခဲ့ကြကြောင်း သိရသည်။

မိုးစက်