မအူပင်မြို့၌  မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ‌တော် ကျင်းပ

မအူပင် ဇွန် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၊ အလန်းကြီးကျေးရွာအုပ်စု၊ အလန်းကြီးကျေးရွာ ရန်ကုန်-ကျိုက်လတ်ကားလမ်းမကြီးဘေးတွင် မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီဌာနမှ ယနေ့နံနက် (၉)နာရီက မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ‌တော် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်း ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများစုပါင်း၍ မန်ဂျန်ရှားပင်(၃၀၀) ပင်အား  စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)