ကော့သောင်းမြို့တွင် “အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်‌ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်” အသိပညာပေး လူငယ်စကားဝိုင်းကျင်းပ

ကော့သောင်း ဇွန် ၁၃

 ၂၀၂၄ ခုနှစ်၊ ဇွန်လ(၂‌၆)ရက်နေ့တွင် ကျရောက်မည့် "အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်" လူငယ်စကားဝိုင်းကို ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုပြုဌာန၊ (Community Centre)ခန်းမတွင် ယနေ့နံနက်(၁၁)နာရီခွဲခန့်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ လူငယ်စကားဝိုင်းတွင် အ.ထ.က(၁၀)မိုင်ကျောင်းမှ (Grade-10) ကျောင်းသား မောင်အောင်ထွန်းဦး၊ အ.ထ.က(၁)ကျောင်းမှ (Grade-9) ကျောင်းသူ မထက်ဝန်းနေခြည်၊ အ.ထ.က(ခွဲ) အ.လ.က(၂)ကျောင်းမှ (Grade-11)ကျောင်းသူ မနှင်းအိန္ဒြာခင်တို့က" လူငယ်နှင့်မူးယစ်ဆေးဝါး" ခေါင်းစဉ်ဖြင့် အသီးသီးဆွေးနွေးပြောကြားခဲ့သည်။ ယင်းနောက် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု ၃၄(ကော့သောင်း)မှ ဒုရဲမှူးမျိုးသီဟက မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ဆေးဆိုင်ရာ သိသင့်သိထိုက်သည်များ၊ ပြစ်မှုပြစ်ဒဏ်များနှင့် ဗဟုသုတဖြစ်ဖွယ်အကြောင်းအရာများအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ကျောင်းသား၊ လူငယ်များအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာအသိပညာဗဟုသုတများ ဖလှယ်တတ်ကြ‌စေရန်၊ လူမှုပေါင်းသင်းဆက်ဆံရာ၌ စကားပြောဆိုစွမ်းရည်တိုးတက်စေရန်နှင့် အစုအဖွဲ့များတွင် ပါဝင်ဆွေးနွေးတတ်စေရန် ရည်ရွယ်၍ အဆိုပါလူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)