နတ်မောက် ဇွန် ၁၃
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား/သူများ စာဖတ်ရှိန်မြင့်မားရေး၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများဖြစ်ပေါ်လာစေရန်၊ ကျောင်းစာအပြင် ပြင်ပစာပေ၊ ဗဟုသုတရရှိစေရန်ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း(အောင်ဆန်း)သို့သွားရောက်၍ သုတ/ရသစာအုပ်စာစောင်များ ငှားရမ်းပေးခဲ့သည်။
ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်တွင် ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြနှင့် အသိပညာဗဟုသုတများစွာရရှိမည့် သုတ/ရသစာအုပ်များစာစောင်များပါရှိပြီး စာအုပ်များကို နှစ်ပတ်လျှင်တစ်ကြိမ် လဲလှယ်ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
လှဝင်း