မိုးနဲ ဇွန် ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက နားခံကျေးရွာအုပ်စု ဝမ်ယေးကျေးရွာတွင် တောင်သူများ စိုက်ပျိုးထားသော မိုးသီးနှံများအောင်မြင် ဖြစ်ထွန်းမှုအခြေအနေများကို ယနေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
မိုးရာသီသီးနံများအဖြစ် တောင်သူများ စိုက်ပျိုးထားရှိသော မြေပဲ၊ အစေ့ထုတ်ပြောင်း စိုက်ခင်းများနှင့် ပဲစဉ်းငုံသီးညှပ်စိုက်ပျိုးထားရှိမှုတို့အား ကွင်းဆင်းကြည့်ရှုခဲ့ကြပြီး တောင်သူများလိုအပ်သော နည်းပညာနှင့် သွင်းအားစုများကိုလည်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)