တံတားမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ပြုလုပ်ကျင်းပ

တံတား ဇွန် ၁၃

ရန်ကုန်တိုင်း‌ဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနလူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာပေဝါသနာရှင်များနှင့်(Book Club) အဖွဲ့များပူးပေါင်း၍ စာရေးဆရာ‌‌ နတ်ရှင်(ရွှေဂူ) ရေးသားသည့် “အနာဂတ်ကို‌‌ မျှော်တွေးပါ”စာအုပ်ဖြင့် ယနေ့နံနက်(၉)နာရီ အချိန်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်မိုးဖြူလွင်က အများပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရန်၊ ကိုယ်ပိုင်စာဖတ်ချိန်မရှိသူများအတွက် စာဖတ်ခွင့်မဆုံးရှုံးစေရန်၊ တစ်ဦးနှင့်တစ်ဦး စာပေဗဟုသုတ အပြန်အလှန်ဆွေးနွေးတတ်သည့်  အလေ့အကျင့်များ ရရှိစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက်ရည်ရွယ်၍ လစဉ်စာဖက်ဝိုင်းများပြုလုပ်ရခြင်း ဖြစ်ကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ စာဖက်ဝိုင်းတွင်(Book Club)အဖွဲ့ဝင်‌ မောင်ခန့်စည်သူဝင်းမှ “အနာဂတ်ကိုမျှော်တွေးပါ” ခေါင်းစဉ်ဖြင့်‌ဆွေးနွေးရာတွင် လူရယ်လို့ဖြစ်လာလျှင် ဘဝရပ်တည်ရှင်သန်ရေးအတွက် အလုပ်တစ်ခုကို မဖြစ်မနေလုပ်ကြရကြောင်း၊ မိသားစုစားဝတ်နေရေး၊ ပညာရေး၊ လူမှုရေး၊ ကျန်မာရေးစသော အရေးကိစ္စများအတွက် ဘဝမှာအထက်တန်းကျကျနေထိုင်နိုင်ရန် ပြည့်ပြည်စုံစုံရှိဖို့ ရှာဖွေကြိုးစားရ‌ကြောင်း၊  ကိုယ့်ရဲ့လုပ်ရပ်များသည်   အနာဂတ်အတွက်  ပြင်ဆင်ခြင်းဖြစ်သော်လည်း ရိုးသားမှုနှင့်သမ္မာအာဇီဝ နည်းလမ်းကျသင့်ကြောင်း၊ ကိုယ်လျှောက်ရမည့် အနာဂတ်ကိုမျော်တွေးပြီး ပစ္စုပ္ပန်တွင် အသိ၊  ဉာဏ်၊  ကိုယ်ကျင့်တရား ကိုယ်ချင်းစာစိတ်ဖြင့်ရိုးသားစွာ အလုပ်လုပ်သင့်ကြောင်း၊ ရိုးသားကြိုးစားပြီး အောင်မြင်သောဘဝကို တည်ထောင်နိုင်ခြင်းသည် မွန်မြတ်သန့်စင်ကြောင်း၊ လူသားဆန်သော လုပ်ရပ်များကိုသာ ရွေးချယ်လုပ်ကိုင်သင့်ကြောင်း ဆွေးနွေးပြီးနောက် (Book Club) အဖွဲ့ဝင် မသူသူအောင်မှ‌ “ကျေးဇူးတင်တတ်ဖို့လိုတယ်” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆက်လက် ဆွေးနွေးခဲ့ရာ တတ်ရောက်လာသော စာပေဝါသနာရှင်များမှလည်း ဝိုင်းဝန်းဆွေးနွေးကာ အတွေးအမြင် ဗဟုသုတများ ဖလှယ်ခဲ့ကြကြောင်း သိရသည်။

မိုးဖြူလွင်(ပြန်/ဆက်)