ဒလမြို့နယ်တွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

ဒလ ဇွန် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်စိမ်းလန်းဆိုပြေရေး ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် (၈) နာရီ (၃၀)မိနစ်အချိန်က ညောင်ငုတ္တိုကျေးရွာအုပ်စု၊ ထော်အောက်-ညောင်ငုတ္တို ဆက်သွယ်ရေးလမ်းမဘေး၌ ကျင်းပခဲ့သည်။

မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်လုံခြုံရေးတပ်ဖွဲ့မှူး၊ မြို့နယ်သစ်တောဦးစီးဌာနမှ တာဝန်ခံဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ စုစုပေါင်းအင်အား(၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။

ထို့နောက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးမြင့်လှိုင် မှပျိုးပင်ပေါက်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူကျော်နှင့် အဖွဲ့ဝင်များထံသို့ ပေးအပ်ခဲ့ပြီး တက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများမှ မဟော်ဂနီ(၃၅)ပင်၊ မန်ဂျန်ရှား (၁၅၀)ပင်၊ ပျဥ်းမ (၁၀၀)ပင်၊ ကံ့ကော် (၃၀)ပင်၊ ပျဥ်းကတိုး(၅၀)ပင်၊ ခရေ(၃၅)ပင် စုစုပေါင်း ပျိုးပင်(၄၀၀) ပင်တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြ သည်။

ဒလမြို့နယ်တွင် မိုးရာသီ၌သစ်ပင်စိုက်ပျိုးပွဲတော်ကို နှစ်စဥ်ဆောင်ရွက်လျက်ရှိပြီး သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေလာစေရန်၊ အပူဒဏ်အန္တရာယ်လျော့နည်းစေရန်နှင့် သစ်တောများ ပြုန်းတီးမှုကြောင့် ကြုံတွေ့ရမည့် သဘာဝဘေးအန္တရာယ်များ ကာကွယ်နိုင်စေရန် ရည်ရွယ်၍ စိုက်ပျိုးခြင်းဖြစ်ကြောင်း သိရသည်။

မြင့်ဇော် (ပြန်/ဆက်)