မအူပင်မြို့၌ အသက် (၂၅) နှစ်အောက် အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မအူပင် ဇွန် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ အိုင်ဝိုင်းကျေးရွာအုပ်စု၊ အိုင်ဝိုင်းကျေးရွာရှိ AM ဖူဆယ်ဘောလုံးအားကစားကွင်းတွင် ယနေ့မွန်းလွဲ (၂) နာရီက အသက် (၂၅) နှစ်အောက် အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပပြုလုပ်သည်။

အသက် (၂၅) နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် မအူပင်မြို့နယ် ဖူဆယ်ဘောလုံးအသင်းနှင့် ပန်းတ‌နော်မြို့နယ် ဖူဆယ်ဘောလုံးအသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြရာ မအူပင်မြို့နယ် ဖူဆယ်ဘောလုံးအသင်းမှ (၉) ဂိုး၊ (၆) ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ပထမဆု ဆုဖလားအားရရှိခဲ့သည်။ ဆက်လက်၍ ဆုပေးပွဲအားဆက်လက်ကျင်းပရာ ပထမဆုရရှိသည့် မအူပင်မြို့နယ်ဖူဆယ်ဘောလုံးအသင်းအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်မှလည်းကောင်း၊ ဒုတိယဆုရရှိသည့် ပန်းတနော်မြို့နယ်ဖူဆယ် ဘောလုံးအသင်းအား ဒုတိယရဲမှူးကြီးအေးလွင်မှလည်းကောင်း၊ တတိယဆုရရှိသည့် ညောင်တုန်းမြို့နယ် ဖူဆယ်ဘောလုံးအသင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းမှလည်းကောင်း ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

အဆိုပါဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့်အဖွဲ့ဝင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ (၄) မြို့နယ် အားကစားသမားများ၊ နည်းပြများနှင့်ကြီးကြပ်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

အောင်မြင့်မြတ် (ပြန်/ဆက်)