ဒိုက်ဦးမြို့နယ်၌ တောင်သူများအားမိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိ

ဒိုက်ဦး ဇွန် ၁၄

ပဲခူးတိုင်းဒေသကြီး၊ ‌ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူများသို့ထုတ်ချေးခဲ့သည့် ၂၀၂၄ ခုနှစ်မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မေလ (၂၀) ရက်နေ့မှစတင်၍ ဒိုက်ဦးမြို့နယ် ကန်တော်မင်္ဂလာပုပ္ပါးကျောင်းတိုက်ဓမ္မရုံတော်ကြီးတွင် ထုတ်ချေးပေးလျက်ရှိ‌ကြောင်းသိရသည်။

ယ‌နေ့တွင် ကျိုက်စကောအရှေ့ကျေးရွာအုပ်စု၊စိုက်ပျိုးတောင်သူ (၂၇၅) ဦး၏ စိုက်ပျိုးဧက (၂၂၂၃) ဧကအတွက်စိုက်ပျိုးစရိတ်ချေးငွေ (၃၃၃၄၅၀၀၀၀) ကျပ်အားထုတ်ချေးပေးခဲ့‌ကြောင်း သိရသည်။

စိုက်ပျိုးစရိတ်ချေးငွေအတွက် တစ်ဧကလျှင် (၁၅၀၀၀၀) ကျပ်နှုံးဖြင့် ကျေးရွာအုပ်စု (၄၉) အုပ်စုမှချေးငွေပြေကျေပြီးသည့် တောင်သူလယ်သမားများအား ၂၀၂၄ ခုနှစ် စက်တင်ဘာလကုန်အထိ ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မန်နေဂျာဒေါ်အေးသိန်း ထံမှသိရသည်။

မြို့နယ် (ပြန်/ဆက်)