ဝမ်းတွင်းမြို့နယ်၌ ပန်းခင်းစီမံချက် (၃) ဖြင့်    အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားကတ်များ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ

ဝမ်းတွင်း ဇွန် ၁၄

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း တိကျမှန်ကန်စေရေးအတွက် ပန်းခင်းစီမံချက် (၃) ဖြင့် အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားကတ်များ ကွင်းဆင်းဆောင်ရွက်ပေး ခြင်းကို ယမန်နေ့က ဒိုင်းကောင်းကုန်းကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက် (၃) ဖြင့် အိမ်ထောင်စုလူဦးရေးနှင့် နိုင်ငံသားကတ်ဆောင်ရွက်ပေးခြင်းကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများအလိုက်  ကွင်းဆင်းဆောင်ရွက်ရေးအဖွဲ့များမှဆောင်ရွက်ပေးလျက်ရှိသည်။  ထိုသို့ ပန်းခင်းစီမံချက် (၃) ဖြင့် အိမ်ထောင်စုလူဦးရေးနှင့် နိုင်ငံသားကတ်ဆောင်ရွက်ပေးခြင်းကို သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ရေးအဖွဲ့မှ ရပ်ကွက်/ကျေးရွာများသို့ သတ်မှတ်ထားသောနေ့ရက်များအတိုင်း ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး အခြေခံပညာအထက်တန်းကျောင်း (ဒိုင်ကောင်းကုန်း) သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပန်းခင်းစီမံချက်ဖြင့် အကျုံးဝင်သော ကျောင်းသား၊ကျောင်သူ စုစုပေါင်း (၁၀၇) ဦးတို့အား ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးဦးစိုးမင်းထံမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)