ကျိုက်ထိုမြို့လူထုအ‌ခြေပြုဗဟိုဌာန၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲ၊ စွမ်းရည်ပြိုင်ပွဲနှင့် နံရံကပ်စာစောင် ပြပွဲပြုလုပ်

ကျိုက်ထို ဇွန် ၁၄

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဇွန် (၁၄) ရက် နံနက် ၉ နာရီက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲ၊ စွမ်းရည်ပြိုင်ပွဲနှင့် နံရံကပ်စာ‌စောင်ပြပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က ကျောင်းသား၊ကျောင်းသူများအား မူးယစ်ဆေးဝါး၏ အန္တရာယ်နှင့် ဆိုးကျိုးများအကြောင်း သိကောင်းစရာများနှင့်အားလပ်ချိန်တွင် ကျောင်းစာသာမကပြင်ပစာပေများကို လေ့လာဖတ်ရှုကြရေး တို့ကိုဆွေးနွေးပြောကြားပြီး စွမ်းရည်ပြိုင်ပွဲများပြုလုပ်ကာ လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များကို ပြသဆောင်ရွက်ခဲ့ရာ ကျောင်းသားကျောင်းသူများမှ စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုကြကြောင်း သိရသည်။

‌ကျိုက်ထို (ပြန်/ဆက်)