မိုင်းစံ ဇွန် ၁၄
ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များအခမဲ့ငှားရမ်းခြင်းကိုပုံမှန်ဆောင်ရွက်လျက်ရှိရာယနေ့နံနက် (၁၀) နာရီအချိန်က မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ဆောင်ရွက်ပေးခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျောင်းသား/ကျောင်းသူများ၊စာဖတ်ဝါသနာပါသူ များစာကြည့်တိုက်သို့ မလာရောက်နိုင်သူများအား စာပေများလက်ဝယ်အရောက်ငှားရမ်းဖတ်ရှုနိုင်ရန် စာပေဖတ်ရှု့သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်ရည်ရွယ်၍ စာဖတ်ပရိတ်သတ်များထံ လက်ဝယ်အရောက်ငှားရမ်းပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ပေးခြင်းလုပ်ငန်းကို မိုင်းစံမြို့ရုံးဝန်ထမ်းများက ဌာနဆိုင်ရာရုံးများ၊ အခြေခံပညာကျောင်းများအား အလှည့်ကျသွားရောက်ငှားရမ်းပေးလျက်ရှိကြောင်း သိရှိရပါသည်။
မိုင်းစံ (ပြန်/ဆက်)