အထက်မင်းလှ ဇွန် ၁၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုနည်းပညာသင်တန်းကို ယနေ့နံနက်(၁၀)နာရီက ရွာတော်ကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် သရက်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမိုးဝင်းနှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်ဦးစန်းအောင်တို့က အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မင်းလှမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်သင်းသင်းအေးက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး၊ သင်တန်းနည်းပြဆရာက သင်တန်းတွင်သင်ကြားပို့ချမည့် ဘာသာရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် တာဝန်ရှိသူများကသင်တန်းတွင် အသုံးပြုမည့်သင်ထောက်ကူပစ္စည်းများအားပေးအပ်ခဲ့ရာ သင်တန်းသူများက လက်ခံရယူခဲ့သည်။
အဆိုပါ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းသို့ ရွာတော်ကျေးရွာမှ၊ သင်တန်းသူ(၂၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဇွန်(၁၄)ရက်နေ့မှ (၂၀)ရက်နေ့အထိ စာတွေ့လက်တွေ့သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ဇာဇာ(အထက်မင်းလှ)