မအီမြို့၌ သွေးလွန်တုပ်ကွေးရောဂါ အသိပညာပေးခြင်းနှင့် ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု မရှိစေရေးအတွက် မအီမြို့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ စီစဉ်ဆောင်ရွက်ပြီး ကျေးလက်ကျန်းမာရေးဌာနဝန်ထမ်းများ၊ မြို့စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ မအီနယ်မြေမီးသတ်စခန်းမှ ဝန်ထမ်းများ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေး လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက မအီမြို့၊ အမှတ်(၁)ရပ်ကွက်အတွင်း၌ အိမ်ထောင်စုများသို့ တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက် ခဲ့ကြောင်းသိရသည်။

နတ်မောက်မြို့နယ်အတွင်း ဇီဝဆိုင်ရာအချက်အလက် ကောက်ယူစိစစ်ခြင်း လုပ်ငန်းများဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက နတ်မောက်မြို့နယ်အတွင်း ဇီဝဆိုင်ရာအချက်အလက် ကောက်ယူစိစစ်ခြင်း လုပ်ငန်းများကို ယမန်နေ့က မြို့မကွက်သစ်ရပ်ကွက် ဘုရားလေးဆူ တန်းဆောင်းအတွင်း ပြုလုပ်ခဲ့သည်။

ဟိုပုံးမြို့နယ်၌ ဌာနဆိုင်ရာဝန်ထမ်းများအား သက်သာသောဈေးနှုန်းဖြင့် ကြက်ဥ၊ နွားနို၊ အသား၊ ဟင်းသီးဟင်းရွက်နှင့် စားသောက်ကုန် ပစ္စည်းများ ဖြန့်ဖြူးရောင်းချပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများအား သက်သာသောဈေးနှုန်းဖြင့် ကြက်ဥ၊ နွားနို၊ အသား၊ ဟင်းသီးဟင်းရွက်နှင့် စားသောက် ကုန်ပစ္စ္စည်းများ ဖြန့်ဖြူးရောင်းချပေးခြင်းကို ယမန်နေ့ ညနေ ၃နာရီခွဲအချိန်က ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲရုံးရှေ့တွင် ရောင်းချပေးလျက်ရှိသည်။

ကံမမြို့နယ်တွင် ပြည်သူများအား စားအုန်းဆီများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်း၍ အခြေခံစားသောက်ကုန်ဖြစ်သည့် စားအုန်းဆီများကို စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို ယမန်နေ့ နေ့လည် (၂) နာရီက ကံမမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာ အုပ်စုများတွင် စားအုန်းဆီပိဿာ (၂၂၀၀) အား ဒေသခံပြည်သူများကို (၁) ပိဿာလျှင် (၅၁၀၀) ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ပေါက်တောမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)၌  အခြေခံပန်းချီ သင်တန်းဖွင့်လှစ်

ရခိုင်​ပြည်နယ်၊ စစ်​တွေခရိုင်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)၌  ယမန်နေ့ နေ့လယ်ပိုင်းတွင် အခြေခံပန်းချီသင်တန်း ဖွင့်လှစ်သည်။

(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု လင်းခေးခရိုင်ကိုယ်စားပြု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်များအဖွဲ့ မိုင်းပန်မြို့နယ်သို့ လေ့လာရေးခရီးလာရောက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု ခရိုင်ကိုယ်စားပြု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်များအဖွဲ့သည် ယမန်နေ့တွင် မိုင်းပန်မြို့နယ်သို့ ရောက်ရှိ၍ မြို့နယ်၏အထင်ကရ နေရာများအား လေ့လာရေးခရီးလာရောက် ခဲ့ကြကြောင်း သိရသည်။

ကလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကွန်ပျုတာ အခြေခံသင်တန်း (၁/၂၀၂၃) ဆင်းပွဲအခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာတွင် တိုင်းဒေသကြီးအစိုးရ၏ခွင့်ပြုငွေဖြင့် ကွန်ပျုတာအခြေခံတန်း (၁/၂၀၂၃) ဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကလေးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပခဲ့သည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ စားသောက်ဆိုင်များတွင် စင်တင်တေးဂီတဖျော်ဖြေရေးလုပ်ငန်းများနှင့်‌‌ ပတ်သက်၍ လုပ်ငန်းရှင်များနှင့် ညှိနှိုင်းအစည်းအဝေး ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မြို့နယ်အတွင်း စင်တင်တေးဂီတဖျော်ဖြေရေး လုပ်ငန်းလုပ်ကိုင်နေသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့‌ကြောင်း သိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကမ္ဘာ့ငြိမ်းချမ်းမှုဖော်ဆောင်ရေး ကိုယ်ကျင့်သီလဗဟုသုတပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ရှင်းလင်း ဟောပြောပွဲပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ထိုင်းနိုင်ငံ ဓမ္မကာယကျောင်းတော်ကြီးက ကြီးမှူးကျင်းပသော “ကမ္ဘာ့ငြိမ်းချမ်းမှုဖော်ဆောင်ရေး ကိုယ်ကျင့်သီလဗဟုသုတပြိုင်ပွဲ”တွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် အချက်အလက်များ ရှင်းလင်းဟောပြောခြင်း အခမ်းအနားကို မာဂဓီ(သာစည်) ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် စက်တင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဒေးဒရဲမြို့၌ ပြည်သူများအား စားသုံးဆီများ စျေးနှုန်းချိုသာစွာ ရောင်းချပေးနိုင်ရေး ညှိနှိုင်းဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများအား စားသုံးဆီများ စျေးနှုန်းချိုသာစွာ ရောင်းချပေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ဆီလုပ်ငန်းရှင်အသင်းဝင်များ ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ (၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to