ကျောက်တန်းမြို့ အလယ်တန်းအဆင့် Grade-9 ပြီးမြောက်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများ အသိပညာပေးဟောပြော

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့ အလယ်တန်းအဆင့် Grade-9 ပြီးမြောက်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်တွင် ကျောက်တန်းမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ မှော်ဝန်းရတနာ ခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။

နမ္မတူမြို့နယ်ရဲတပ်ဖွဲ့မှ (၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြုစုပေါင်းသွေးလှူဒါန်း

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့မှ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြုစုပေါင်းသွေးလှူဒါန်းခြင်းကို ယနေ့ နံနက် ၉ နာရီ အချိန်က နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ခဲ့သည်။

ကျေးသီးမြို့ အ‌ခြေခံပညာအထက်တန်းကျောင်းတွင် အသက် (၁၂) နှစ်အောက် အမျိုးသားအမျိုးသမီးကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်တွင် အသက် (၁၂) နှစ်အောက် အမျိုးသားအမျိုးသမီးကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ (၃) နာရီအချိန်က မြို့နယ်အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေများဖြင့် ကျောက်ဆည်-တံစိုး-မင်းစု-ထုံးကြီး-မြစ်သား လမ်း၌ လိုအပ်ချက်များရှိနေသည့် လမ်းပိုင်းများအား ပြန်လည်ပြုပြင်ပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသထွက်ကုန်များနှင့် အခြားလူသုံးကုန်ပစ္စည်းများ သယ်ယူရာတွင် အချိန်တိုအတွင်း လွယ်ကူမြန်စွာ သယ်ယူနိုင်ရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ ကဏ္ဍများ ဖွံ့ဖြိးတိုးတက်စေရန်အတွက် ကျောက်ဆည်မြို့နယ် လမ်းဦးစီးဌာနမှ ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၌ မန္တလေးတိုင်းဒေသကြီး ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေများဖြင့် ကျောက်ဆည်-တံစိုး-မင်းစု-ထုံးကြီး-မြစ်သားလမ်း၌ လိုအပ်ချက်များ ရှိနေသည့် လမ်းပိုင်များအား ပြန်လည်ပြုပေးခဲ့ကြောင်း သိရသည်။

လွိုင်လင်မြို့နယ်၊ ကိုလိုနီကျေးရွာတွင် လူသုံးကုန်ပစ္စည်း အမျိုးမျိုးထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်၊ ကိုလိုနီကျေးရွာတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ အသေးစားကုန်ထုတ်လုပ်မှုလုပ်ငန်းများ ‌ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းမှ ဘိန်းစိုက်ပျိုးသည့် မြို့နယ်များတွင် အစားထိုး အသေးစားကုန်ထုတ်လုပ်ငန်းဖွံ့ဖြိုးရေး လူသုံးကုန်ပစ္စည်း အမျိုးမျိုးထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲကို ယနေ့နံနက် (၁၀)နာရီက အဆိုပါကျေးရွာခန်းမတွင် သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ပါသည်။

သဲကုန်းမြို့နယ်တွင် လူမှုဘဝဖွံ့ဖြိုး‌‌စေရန် ပန်းခင်းစီမံချက် (၂) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ယ​နေ့ နံနက်ပိုင်းက ပန်းခင်းစီမံချက် (၂) ဖြင့် မင်းလှအုပ်စုအတွင်းရှိ ကျေးရွာ​နေ​ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။

သီပေါမြို့ သီတဂူစက္ခုဒါန ဆေးရုံတော်ကြီး၌(၄)ရက်အတွင်းမျက်စိစမ်းသပ်လူနာ(၁၀၈၆)ဦးနှင့် ခွဲစိတ်ကုသလူနာ(၂၄၇)ဦးကိုအခမဲ့ဆောင်ရွက်ပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ မဟာမြတ်မုနိဘုရားကြီး သီတဂူစက္ခုဒါန ဆေးရုံတော်ကြီးတွင် (၅၂)ကြိမ်မြောက် အခမဲ့မျက်စိစမ်းသပ်ခွဲစိတ်ကုသခြင်းကို ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (၁၉) ရက်နေ့ကစတင်၍ မျက်စိဝေဒနာရှင်များအား စမ်းသပ်ခွဲစိတ်ကုသပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုထားဝယ်ပြည်သူ့ဆေးရုံကြီးဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ဌာနဆိုင်ရာများစုပေါင်း၍ ပြည်သူ့အကျိုးပြုလုပ်ငန်းများ အပတ်စဉ် ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ စုပေါင်း၍ထားဝယ် ပြည်သူ့ဆေးရုံကြီးဝင်း အတွင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောင်းကုန်းမြို့၌ အခြေခံစားသောက်ကုန် ဆန်တစ်ပြည်လျှင်(၂၅၀၀)ကျပ်ဖြင့် ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့၏ ဦးဆောင်မှုဖြင့် ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်ကုန်သည်များနှင့်ပူးပေါင်း၍ နေ့နံနက် ၇ နာရီ ၃၀ အချိန်က အမှတ်(၁)ရပ်ကွက် "အောင်ရတနာ"ဆန်စက်၌ ပြည်သူများအား ဆန်တစ်ပြည် လျှင်(၂၅၀၀)ကျပ်ဖြင့် အိမ်ထောင်စု(၁)စုလျှင် ဆန် (၄)ပြည်နှူန်း ဆန်အိတ်(၇၀)ကို ရောင်းချပေးခဲ့သည်။

(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နေပြည်တော်ရဲတပ်ဖွဲ့မှူး ဦးဆောင်ပြီး စုပေါင်းသွေးလှူဒါန်း

ပြည်ထောင်စုနယ်မြေ၊ ‌နေပြည်တော်၊ ပျဥ်းမနားမြို့၊ ရန်အောင်(၂)ရပ်ကွက်ရှိ ခုတင်-၂၀၀ ပြည်သူ့ဆေးရုံကြီးတွင် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပပြုလုပ်ခဲ့ရာ နေပြည်တော်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကိုကိုလွင်၊ ရဲမှူးကြီး သန်းအေး၊ ဒုတိယရဲမှူးကြီး မျိုးလွင်၊ ဒုတိယရဲမှူးကြီး ကျော်ကျော်ညွှန့်၊ ဒုတိယရဲမှူးကြီး ခင်ဇော်တို့တက်ရောက်ခဲ့ကြသည်။
Subscribe to