ကျုံပျော် ဇွန် ၁၅
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများ လိုက်ပါ၍ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ရှားခဲကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရှိ “ရွှေဆုရတနာ” ကျောင်းဆောင်သစ်အား ယမန်နေ့ နံနက် (၉) နာရီက တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။
ရှေးဦးစွာ ကျောင်းဆောင်သစ်အား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်နှင့် လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ထို့နောက် အလှူရှင်မိသားစုက ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများထံသို့ ဖွင့်ပွဲ အထိမ်းအမှတ်အလံများအား ပေးအပ်ပြီး၊ တိုင်းဒေသကြီး ပညာရေးမှူးက အလှူရှင်များထံ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ကာ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့် အလှူရှင် ဦးခင်မောင်မြင့်တို့က ကျောင်ဆောင်သစ် ကဗ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြပြီး၊ ဝန်ကြီးချုပ်က ကျောင်းဆောင်သစ်အား လှည်လည်ကြည့်ရှု စစ်ဆေးကာ၊ ကျောင်းသား၊ ကျောင်းသူများအား ပညာကြိုးစာ သင်ယူကြရန် တိုက်တွန်း အားပေးစကား ပြောကြား၍ ဖွင့်ပွဲတွင် ကပြဖျော်ဖြေသည့် ကရင်ဒုံးယိမ်းအဖွဲ့၊ အိုးစည်ဝိုင်းနှင့် ပန်းဖွားအက အဖွဲ့များအား ဆုတော်ငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ ကျောင်းဆောင်သစ်ကို ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် စတင်အသုံးပြုနိုင်ရန် ရှားခဲကျေးရွာရှိ အလှူရှင် ဦးခင်မောင်မြင့် ဇနီး ဒေါ်စန်း၊ သမီး မစုထက်လှိုင်နှင့် မထက်ထက်လှိုင် မိသားစုတို့က ငွေကျပ်သိန်းပေါင်း (၂၅၀၀) အကုန်အကျခံကာ အလျှားပေ (၇၀) အနံပေ (၃၀)၊ နှစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)