ပန်းတောင်းမြို့နယ်၌ အခြေခံကဗျာရေးနည်းသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ပန်းတောင်း    ဇွန်    ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသော အခြေခံကဗျာရေးနည်းသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ ညနေ(၄)နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။   

အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းသင်းအေးက ကဗျာစာပေကို ဝါသနာပါသော ကလေးသူငယ်များအား အခြေခံကြသော ကဗျာရေးနည်းသင်တန်း ဖြစ်မြောက်ရေးအတွက် ကူညီဆောင်ရွက်ပေးသော မြို့နယ်စာရေးဆရာအသင်းအား ကျေးဇူးတင်စကားပြောကြားခဲ့ပြီး သင်တန်းနည်းပြများဖြစ်ကြသော စာရေးဆရာဦးက်ိုကြီး(ပန်းတောင်း)နှင့် စာရေးဆရာ စစ်ရင်သွေး(ပန်းတောင်း)မှ မိမိတို့သင်ကြားပြသခဲ့သော အခြေခံကဗျာရေးနည်းနှင့်ပတ်သက်၍ သိရှိလိုသည်များမေးမြန်းကြရန် ပြောကြားခဲ့သည်။

ထို့နောက် သင်တန်းဆင်းပွဲကို ဆက်လက်ကျင်းပခဲ့ပြီး သင်တန်းတက်ရောက်ခဲ့သော အခြေခံပညာအထက်တန်းကျောင်း (ပန်းတောင်း)မှ သင်တန်းသား၊ သင်တန်းသူ(၃၀)ဦးအား အမှတ်တရ ဂုဏ်ပြုဆုလက်ဆောင်များ ချီးမြှင့်ကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။

လပြည့်လင်း(ပြန်/ဆက်)