ဥတ္တရသီရိမြို့နယ်တွင် ရိတ်သိမ်းချိန်လွန်ဆုံးရှုံးမှုများလျော့နည်းစေရေး အသိပညာပေး ဆောင်ရွက်
နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာန ဟင်းသီးဟင်းရွက်နှင့်အပင်ဇီဝနည်းပညာဌာနခွဲ ရိတ်သိမ်းချိန်လွန် နည်းပညာဌာန(ရေဆင်း)မှ ရိတ်သိမ်းချိန်လွန် ဆုံးရှုံးမှုများလျော့နည်းစေရေး တောင်သူအသိပညာပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မောင်းရမ်းကျေးရွာနှင့် မရမ်းခုံကျေးရွာရှိ တောင်သူအသိပညာပေးစင်တာများ၌ ဆောင်ရွက်ခဲ့ သည်။