ကန်ကြီးထောင့်မြို့နယ်၌ ၂၀၂၄ ခုနှစ်အတွက် အိမ်ထောင်စုလူဦးရေသန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ အသိပညာပေးပိုစတာစိုက်ထူ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏လမ်းညွှန်မှုဖြင့် အိမ်ထောင်စုလူဦးရေသန်းခေါင်စာရင်း ကောက်ယူရေးအသိပညာပေး ပိုစတာစိုက်ထူခြင်းကို ယနေ့နံနက် ၈ နာရီခွဲအချိန်ခန့်က ကန်ကြီးထောင့်မြို့နယ် ထွေ/အုပ်ရုံးနှင့် အားကစားကွင်းလမ်းထောင့်ရှိ လမ်းဆုံနေရာတွင်ပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးရဲနိုင်လွင်၊ အဖွဲ့ဝင်(၂) ဦးလှမြင့်၊ အတွင်းရေးမှူး ရဲမှူး စိုးကြည်နှင့် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဆွေနှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မာန်အောင်မြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (အကြို)ပန်းချီ၊ ကာတွန်း၊ ပိုစတာ ပြိုင်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် (၂၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့်မူလတန်းအဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မုံရွာမြို့၊ မြို့သစ်ရပ် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကျောင်းဝန်း၊ ကျောင်းပြင်သန့်ရှင်ရေး ဌာနဆိုင်ရာများ စုပေါင်းဆောင်ရွက်

၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူလေးများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေးနှင့် ကျောင်းတွင်း ကျောင်းပြင် သန့်ရှင်းသာယာစေရေးတို့အတွက် ယ‌နေ့နံနက်ပိုင်းက မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ကျောင်းဝန်းကျင်နှင့် ကျောင်းအတွင်းရှိ သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ ခြင်များမပေါက်ပွားနိုင်အောင် ရေနုတ်မြောင်းများရေစီးရေလာ ကောင်းမွန်စေရေးတို့အတွက် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ ကျောင်းသားမိဘများစုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း လူထုအသိပညာပေးလှုံ့ဆော်ရေး Bill Board စိုက်ထူပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း လူထုအသိပညာပေးလှုံ့ဆော်ရေး Bill Board စိုက်ထူပွဲအခမ်းအနားကို ယနေ့နံနက် (၈)နာရီအချိန်က မြို့မရပ်ကွက်၊ လမ်းမတော်လမ်းမကြီးဘေးတွင် ကျင်းပပြုလုပ်ခဲ့သည်။

မော်လမြိုင်ကျွန်းမြို့၌ ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့ အသိပညာပေး ဆိုင်းဘုတ်စိုက်ထူ

မော်လမြိုင်ကျွန်းမြို့နယ်၌ ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့ အသိပညာပေး ဆိုင်းဘုတ်စိုက်ထူခြင်း အခမ်းအနားကို ယနေ့ လူစည်ကားရာ မြို့မဈေးရှေ့ (၁၁) လမ်းထိပ် လမ်းဆုံ၌ ကျင်းပသည်။

ဇလွန်မြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး အသိပညာပေး ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ဧရာဝတီတိုင်း‌ဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်​မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် လူထုအသိပညာပေး Bill Board စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက် ၈ နာရီတွင် မီးပွိုင့်လမ်းဆုံတွင် ဆောင်ရွက်ခဲ့ကြသည်။

ငွေဆောင်မြို့၌ “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့” အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း လူထုအသိပညာပေးလှုံ့ဆော်ရေး Bill Board စိုက်ထူခြင်း အခမ်းအနားအား ယနေ့နံနက် ၈ နာရီက လူစည်ကားရာ အမှတ်(၃) ရပ်ကွက်၊ ဟိုတယ်ဇုန်လမ်းမကြီးဘေး၊ မဟာပုညာရာမဘုန်းတော်ကြီးကျောင်းရှေ့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သပိတ်ကျင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက် (၁၀) နာရီက ဝန်ထမ်းများ စာဖတ်ရှိန်မြင့်မားရေးအတွက် စာရေးဆရာ အောင်ကိုဦး( UMK) ၏ “လူငယ်တွေစဥ်းစားဖို့” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့ အမှတ်(၁၄) အခြေခံပညာမူလတန်းကျောင်း အတွင်း၊ အပြင်များ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်

မိမိတို့၏ နေ့စဉ်လူမှုဘဝနေထိုင်ဖြတ်သန်းရာတွင် ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်နေမှသာ ကျန်းမာရေးနှင့်ညီညွတ်မျှတ၍ ကိုယ်စိတ်နှလုံးချမ်းမြေ့ကာ မျက်စိပသာဒဖြစ်စေပြီး သန့်ရှင်းသာယာလှပသော မြို့၊ ရွာ Clean City၊ Green City များ ဖြစ်လာမည်ဖြစ်သဖြင့် မိမိဒေသ၊ မိမိမြို့ရွာသန့်ရှင်းသာယာရေးကိုဒေသခံများ၊ ဒေသတွင်တာဝန်ထမ်းဆောင်နေကြသည့် တပ်ရင်း၊ တပ်ဖွဲ့များအပါအဝင် အုပ်ချုပ်ရေးဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် စည်ပင်သာယာရေးတာဝန်ရှိသူများက မဖြစ်မနေဆောင်ရွက်ကြရမည်ဖြစ်သည်။
Subscribe to