ထားဝယ်မြို့၌ ၂၀၂၄ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ထားဝယ်    ဇွန်   ၁၅

ပြည်သူများအနေဖြင့် သစ်တောသစ်ပင်များ၏တန်ဖိုးကို အလေးထား သိရှိနားလည်နိုင်စေရေးနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒ အကျိုးများ ရရှိစေရေးတို့ကို ရည်ရွယ်၍ ယနေ့နံနက်(၇)နာရီခွဲက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ရုံးဝင်းအတွင်း၌ ၂၀၂၄ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပသည်။

ထို့နောက်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးဇော်လင်းထွန်းဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ရုံးမှဝန်ထမ်းများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များက သက်မှတ်ထားသောနေရာများတွင် သစ်ပင်ပျိုးပင်များအား တပျော်တပါး စုပေါင်းစိုက်ပျိုးပေးသည်။

သက်ရှိလောကတည်မြဲဖို့၊ သစ်ပင်စိုက်ပျိုး ထိန်းသိမ်းစို့၊ ဇီဝမျိုးစုံကြွယ်ဝဖို့ သဘာဝတောတွေထိန်းသိမ်းစို့၊ သစ်တောသစ်ပင်ကျေးဇူးရှင် ထိန်းသိမ်းကြစို့ ထာဝစဉ်၊  ရှင်အောင်စိုက်ပျိုး၊ ကြီးအောင်ပြုစု၊ မြဲအောင်ထိန်းသိမ်း စသည့် ဆောင်ပုဒ်နှင့်အညီ လွှတ်တော်ရုံးဝင်းအတွင်း၌ မဟော်ဂနီ၊ ပျဉ်းကတိုး၊ စုစုပေါင်းသစ်ပင်ပျိုးပင် (၃၀၀) ပင်ကို စိုက်ပျိုးပေးခဲ့ကြောင်း သတင်းရရှိသည်။

ငွေဇင်ယော်(ထားဝယ်)