မော်လမြိုင်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို  ပန်းချီပြိုင်ပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကျင်းပ

မော်လမြိုင် ဇွန် ၁၅

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို မူလတန်းအဆင့် ပန်းချီပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်ခရိုင် လူထုအခြေပြုဗဟိုဌာန(Community  Centre) ခန်းမတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်ခင်စန်းမြင့်က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ပန်းချီပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်နှင့် စည်းကမ်းချက်များကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် မူလတန်းအဆင့်ပန်းချီပြိုင်ပွဲတွင်  အမှတ်()အခြေခံပညာမူလတန်း(လွန်)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၂၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများက မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန တွင် ခင်းကျင်း​ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်များအကြောင်း နံရံကပ်ပြဘုတ်များနှင့် စာအုပ်ပြပွဲကို စိတ်ပါဝင်စားတွင်လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)