ပန်းတနော်မြို့နယ် အ.ထ.က(ရွှေလှေ)ကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ဇွန်လ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီက အ.ထ.က (ရွှေလှေ)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။