တပ်ကုန်းမြို့နယ်၌ အခြေခံတရုတ်စကားပြောသင်တန်း(၂/၂၀၂၄) အခမဲ့သင်တန်းဖွင့်လှစ်

တပ်ကုန်း ဇွန် ၁၅

ပြည်ထောင်စုနယ်မြ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဘာသာစကားတစ်ခု တတ်ကျွမ်းစေရန်နှင့် သင်တန်းမစမီအချိန်အတွင်း စာအုပ်စာပေများ ဖတ်ရှုလေ့လာပြီး စာပေဗဟုသုတများရရှိစေရန် ရည်ရွယ်ချက်များဖြင့် အခြေခံတရုတ်စကားပြောသင်တန်း (၂/၂၀၂၄) အခမဲ့သင်တန်းကို ယနေ့နံနက်ပိုင်းက  အဆိုပါဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community  Centre) ခန်းမတွင် ဖွင့်လှစ်၍ စတင်သင်ကြားခဲ့သည်။

သင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များ ရှင်းလင်းပြောကြားရာတွင် လူငယ်များ အချိန်ကို တန်ဖိုးရှိစွာ ဖြတ်သန်းစေလိုရန်၊ အားလပ်ချိန်များတွင် အသိပညာ၊ အတတ်ပညာများ ဆည်းပူး လေ့ကျင့်တတ်စေရန် မိမိတို့ဌာနအနေဖြင့် လူငယ်များအတွက် အခြေခံအတတ်ပညာရပ် သင်တန်းများကို  အခမဲ့ဖွင့်လှစ်ပေးနေခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အခြေခံတရုတ်စကားပြောသင်တန်းတွင် သင်တန်းနည်းပြဆရာ ဦးအောင်ပြည့်ဖြိုးက အရေး၊ အဖတ် သင်ကြားမည်ဖြစ်ပြီး ရပ်ကွက်၊ ကျေးရွာများမှ သင်တန်းသား၊ သင်တန်းသူ ၂၃ ဦးတက်ရောက်ခဲ့ပြီး အခြေခံတရုတ်စကားပြောသင်တန်း (၂/၂၀၂၄) အခမဲ့သင်တန်းကို ဇွန်လ ၁၅ရက်မှ ဩဂုတ်လ ၂၅ ရက်နေ့ထိ စနေနှင့်တနင်္ဂနွေနေ့တိုင်း သင်ကြားပေးသွားမည်ဖြစ်ကြောင်း  သိရသည်။

တင်စိုးလွင်