ပင်လုံမြို့၊ အ.ထ.က (၃) ကျောင်း၌ ကျောင်းသား/ကျောင်းသူလေးများအား ဆုံဆို့-မေးခိုင် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေး

ပင်လုံ ဇွန် ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၌ ဆုံဆို့-မေးခိုင်ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် (၉) နာရီခွဲအချိန်က ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ပင်လုံမြို့ မိခင်နှင့်ကလေးကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေး၍ အ.ထ.က(၃)ကျောင်းရှိ အသက်(၅)နှစ်မှ (၇)နှစ်ကြား ကျောင်းသား၊ ကျောင်းသူ (၇၀) ဦးအား ထိုးနှံပေးပြီး၊ ဆရာ၊ ဆရာမများနှင့် ကလေးမိဘများက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)