မိုင်းပျဉ်း ဇွန် ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီး ဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီက အ.ထ.ကခွဲကျောင်း၊ ဘက်စုံသုံး ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ အထကခွဲကျောင်းအုပ် ဆရာမကြီး ဒေါ်ဖြူဖြူဝင်းက အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နန်းသန္တာဦးနှင့် အားကစားနှင့်ကာယပညာဦစီးဌာန၊ အားကစားမှူး ဦးအောင်မျိုးသူတို့က လူငယ်စကားဝိုင်း ကျင်းပပေးရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ဦးဆောင်၍ လူငယ်စကားဝိုင်း ဆွေးနွေးဆောင်ရွက်ကြရာ Grade-10 မှ မကြည်ပြာဦးက “မူးယစ်ဆေးဝါး အန္တရာယ်”၊ Grade-10 မှ မဟန်နီမေဦးက “အီးစီးကရက်အကြောင်း”၊ Grade-11 မှ မောင်အောင်မြတ်မင်းက “စီးကရက်အကြောင်း” Grade-11 မှ မောင်ပိုင်သက်ဆွေက “စာဖတ်ခြင်း၏အကျိုးကျေးဇူး” နှင့် Grade-11 မှ မသိင်္ဂီမိုးလှိုင်က “ဘိန်းအကြောင်း” စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးကြရာ တက်ရောက်လာကြသော ကျောင်းသား၊ကျောင်းသူများမှ သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ အားကစားနှင့်ကာယာပညာဦးစီးဌာနမှ အားကစားမှူးနှင့် ကျောင်းအုပ်ဆရာမကြီးတို့က ခေါင်းစဉ်တခုချင်းအလိုက် ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ အ.ထ.ကခွဲကျောင်းအုပ် ဆရာမကြီးနှင့် ကျောင်း ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ အားကစားနှင့်ကာယာပညာဦးစီးဌာနမှ အားကစားမှူး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်း များ စုစုပေါင်း(၁၂၀)ဦးခန့် တက်ရောက်ကြပြီး အခမ်းအနားအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသဆောင်ရွက်ထားရှိသော အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
နန်းသန္တာဦး