နမ့်စန်(တ) ဇွန် ၁၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၏ ၂၀၂၄ ခုနှစ် မိုးရာသီ လူထုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၉နာရီက အမှတ်(၅)ရပ်ကွက်၊ မြို့နယ်ပြည်သူ့ဆေးရုံဝန်းအတွင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းက သစ်ပင်စိုက်ပျိုးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းက ပျိုးပင်များ ပေးအပ်ခဲ့ရာ နမ့်စန်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်အောင်က လက်ခံရယူခဲ့သည်။
ဆက်လက်၍ နမ့်စန်တပ်နယ်မှ ဗိုလ်ချုပ်စိုးအောင်၊ နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးကြီးလင်းကို၊ အမှတ်(၇၃)သံချပ်ကာစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ်ညီညီဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးတို့က ပျိုးပင်များပေးအပ်ခဲ့ရာ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူး ဦးအောင်ဇော်ထွန်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆရာ၊ဆရာမများနှင့်ကျောင်းသား ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများက အသီသီးလက်ခံရယူခဲ့ကြသည်။
ထို့နောက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းက ဦးဆောင် ၍ နမ့်စန်တပ်နယ်မှ ဗိုလ်ချုပ်စိုးအောင်၊ နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးကြီးလင်းကိုနှင့် ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ လွိုင်လင်ခရိုင်သစ်တော ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်မျိုးနှင့် သစ်တောဦးစီးဌာနဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊လူမှုရေးအသင်းအဖွဲ့များ၊ ဌာနေပြည်သူ့စစ်အဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများက ချယ်ရီ (၃၀၀)ပင်၊ ယူကလစ်(၂၀၀)ပင်၊မျောက်ငို (၃၀၀)ပင်၊ ယမနေ(၂၀၀)ပင်၊ ခါတော်မီ(၂၀၀)ပင်၊ စိန်ပန်းပြာ(၄၀၀)ပင်နှင့် စိန်ပန်းနီ (၄၀၀)ပင်၊ စုစုပေါင်း ပျိုးပင်(၂၀၀၀) ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်းသိရသည်။
သူရအောင်(နမ့်စန်)