မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် ဒေသခံ ပြည်သူများ စားသုံးမှုအဆင်ပြေစေရေးအတွက် အိမ်ထောင်စုတစ်စုလျှင် စားအုန်းဆီ (၁)ပိဿာလျှင် ငွေကျပ် ၄၈၅၀ နှုန်းဖြင့် ကျေးရွာများအရောက် ကွင်းဆင်း၍ ရောင်းချပေးလျက်ရှိရာ ယမန်နေ့ နံနက် ၈ နာရီက ငဖဲမြို့နယ် ပင်ဦးကျေးရွာအုပ်စု လေးအိမ်စုကျေးရွာနှင့် ရေပုတ်ကျေးရွာမှ ပြည်သူများအား လေးအိမ်စုကျေးရွာ ဓမ္မာရုံ၌ ကွင်းဆင်းရောင်းချပေးခဲ့ကြောင်း သိရသည်။