ဒိုက်ဦး ဇွန် ၁၇
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ရှိန်မြင့်မားလာစေရေးအတွက် နယ်လှည့်သုံးဘီးဖြင့် ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား စာအုပ်စာစောင်များ ကွင်းဆင်းငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
ထို့သို့ကွင်းဆင်းငှားရမ်းပေးရာတွင် ဆရာ၊ ဆရာမများအား သုတစာအုပ်များနှင့် ကျောင်းသား၊ ကျောင်းသူများအား ရသစာအုပ်များ၊ ကလေးဖတ်စာအုပ်စာစောင်များ ငှားရမ်းပေးပြီး ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာထောက်-၃ ဒေါ်သင်းသင်းလတ်က စက္ကူပြဇာတ်ဖြင့် ပုံပြင်များ ပြောကြားပေးခဲ့ကြောင်း သိရသည်။
ထိုသို့ စာအုပ်၊ စာစောင်များ ကွင်းဆင်းငှားရမ်းဆောင်ရွက်ပေးခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်၊ ကျေးရွာများရှိ အခြေခံပညာကျောင်းများသို့ ကွင်းဆင်းငှားရမ်းပေးသွားမည်ဖြစ်ပါကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)