ဆီဆိုင် ဇွန် ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် နိုင်ငံတော်၏ စီမံကိန်းများအောင်မြင်စေရန် အခြေခံကျသောလုပ်ငန်းစဉ်ဖြစ်သည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမည့် လုပ်ငန်းစဉ်နှင့်ပတ်သက်၍ အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်နိုင်စေရေးအတွက် အသိပညာပေးပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့မဈေးနှင့် လူစည်ကားရာနေရာများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဆီဆိုင်မြိုနယ် ဦးစီးမှူးရုံးမှ မြိုနယ်ဦးစီးမှူး ဦးဇင်ဘိုဘိုအောင်နှင့် ဝန်ထမ်းများက လူစည်ကားရာနေရာများ၊ လမ်းသွားလမ်းလာပြည်သူများ၊ ဈေးရောင်းဈေးဝယ်ပြည်သူများနှင့် ခရီးသွားပြည်သူများကို ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ ပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေမင်း(ဆီဆိုင်)