ဘိုကလေးမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေး

ဘိုကလေး ဇွန် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရုံးအနေဖြင့် လူဦးရေစာရင်းများ တိကျမှန်ကန်မှုရှိစေရေးနှင့် နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကိုင်ဆောင်နိုင်စေရေးတို့အတွက် ယနေ့ နံနက်(၁၀)နာရီ အချိန်မှစတင်ကာ ဘိုကလေးမြို့၊ အမှတ်(၇)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ရပ်ကွက်အတွင်းရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ဆောင်ရွက် ပေးလျက်ရှိသည်။

နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ လူဝင်မှုကြီးကြပ်ရေးမှူး ဒေါ်ခင်အေးကျော်နှင့် ဝန်ထမ်းများက ရပ်ကွက်အတွင်းရှိ အသက်(၁၀)နှစ်ပြည့်ပြီးသူများအား ပြုလုပ်ပေးခြင်းဖြစ်ပြီး တစ်ကြိမ်တစ်ခါမျှ နိုင်ငံသားစိစစ်ရေးကတ်မပြုလုပ်ရသေးသူများအား ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်းနှင့် လုပ်ငန်းစဉ်အဆင်ပြေချောမွေ့စေရေးအတွက် အမှတ် (၇) ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့များက ပူးပေါင်းကူညီထောက်ခံဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)