သာပေါင်း ဇွန် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့ဝင်များ ယမန်နေ့နံနက် ၁၀ နာရီအချိန်က သာပေါင်းမြို့နယ်၊ လှေကြီးတက်ကျေးရွာအုပ်စု၊ ကြက်သွန်ကွင်းကျေးရွာ၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၄ ခုနှစ်၊ ကော်ဖီပင်(၃၆၂)ဧက စိုက်ပျိုးရန်အတွက် ပျိုးအိတ်ထဲ(၁)လသား ပျိုးပင်(၁၅၇၈၃၂)ပင် ဖြစ်ထွန်းနေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်နှင့်အဖွဲ့ ကော်ဖီပျိုးပင်များ ဖြစ်ထွန်းနေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီ ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီ အတွင်းရေးမှူး ဦးမျိုးမြင့်လွင်တို့မှ ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး သီဟိုဠ် လုပ်ငန်းရှင်အသင်းဥက္ကဋ္ဌ ဦးတင်ဦးက စိုက်ပျိုးထားရှိမှုအခြေအနေ၊ခြံပိုင်ရှင်များ ဆက်လက်စိုက်ပျိုးမှု အခြေအနေတို့ကိုတင်ပြကြရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ ကော်ဖီ စိုက်ပျိုးရေးအတွက် စာတွေ့၊လက်တွေ့ စိုက်ပျိုးရေး၊အောင်မြင်အောင် စိုက်ပျိုးရေး၊ လုပ်ငန်းရှင်များဖိတ်ခေါ်၍ တစ်ဆက်တစ်စပ်တည်း စိုက်ပျိုးရေးတို့ကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း (သာပေါင်း ပြန်/ဆက်)