ဒိုက်ဦး ဇွန် ၁၇
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး လက်ကမ်းစာစောင်အား ယနေ့နံနက်(၁၁)နာရီအချိန်က မြို့သစ်(က)၊ မင်းတဲရပ်ကွက် မူလွန်ကျောင်း၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူများအားဖြန့်ဝေပေးခဲ့သည်။
အဆိုပါလက်ကမ်းစာစောင်တွင် ကလေးအလုပ်သမားအဓိပ္ပါယ်၊ ကလေးအလုပ်သမားများ၏ အသက်အရွယ်၊ ကလေးအလုပ်သမားပပျောက်ရေးရည်မှန်းချက်(၃)ရပ်၊ အဆိုးရွားဆုံးပုံဖြင့်ခိုင်းစေခြင်း၊ အန္တရာယ်ရှိသည့်လုပ်ငန်း၊ အလုပ်၊ ကလေးများလုပ်သောအလုပ်နှင့် ကလေးသူငယ်အခွင့်အရေး၊ အသိပညာပေးများပါရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)