ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ အခွန်ဆိုင်ရာပညာပေးဆွေးနွေးရှင်းလင်းပွဲ ဆောင်ရွက်

ဟိုပုံး ဇွန် ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ အခွန်ဦးစီးဌာနရုံးအနေဖြင့် အခွန်ဆိုင်ရာပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဟိုပုံးမြို့နယ်အခွန်ဦးစီးဌာနမှူးမှ စားသောက်ဆိုင်၊ ဟိုတယ်၊ တည်းခိုခန်း၊ ဟန်းဆက်နှင့် ဆက်စပ်ပစ္စည်းများကို ရောင်းချလျက်ရှိသည့် လုပ်ငန်းရှင်များအား ၂၀၂၄ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေနှင့် ပြေစာအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လိုက်နာရမည့်ဥပဒေများ၊ လုပ်ထုံးလုပ်နည်းနှင့်လုပ်ငန်းစဉ်များပျက်ကွက်မှုအတွက် ပြစ်ဒဏ်များအား အသေး စိတ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ အခွန်ပညာပေးရှင်းလင်းပွဲသို့ ဟိုပုံးမြို့နယ်အခွန်ဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ မြို့ပေါ် (၆) ရပ်ကွက်မှအုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများနှင့် လုပ်ငန်းရှင် (၅၀)ဦးတို့ တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများအား အခွန်ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)