မုဒုံမြို့၌ စာဖတ်ရှိန်မြင့်တင်ရေး အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်

မုဒုံ ဇွန် ၁၇

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူး‌ပေါင်း၍ ကျောင်းသား/သူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတ တိုးပွားစေရေးဟောပြောခြင်း၊ နံရံကပ်စာစောင် ပြသခြင်းများကို ယနေ့ မွန်းလွဲ (၁) နာရီက အ.လ.က (သင်္ဘောဦး)၌  ပြုလုပ်သည်။

ဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဥ်မင်းဆန်းက အဖွင့်အမှာစကားပြောကြားပြီး မုဒုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက မူးယစ်ဆေး၏ အန္တရာယ်နှင့်ဆိုးကျိုးများ၊ မူးယစ်ကင်းစင်ရေး ဆောင်ရန်/ ရှောင်ရန်အချက်များ၊ ကျောင်းသူ/သားများ ဗဟုသုတတိုးပွားနိုင်ရန် ကျောင်းစာအပြင် အခြားစာအုပ်စာစောင်များ လေ့လာဖတ်ရှုကြရေးတို့ကို ပြောကြားသည်။

ဆက်လက်၍  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်ပြ၊ ကာတွန်း၊ သုတ၊ ရသ၊ မဂ္ဂဇင်း၊ ပုံပြင် စသည့် အသိပညာတိုးပွားရေး စာအုပ်စာပေများနှင့် မူးယစ်‌ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များတို့ကို ပြသခဲ့ရာ ကျောင်းသား/သူများမှ စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရ သည်။

အောင်မျိုးသူ (ပြန်/ဆက်)