မိုင်းဖြတ် ၊ ဇွန် ၁၇
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မိုးရာသီကာလ၌ ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခပ်ခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့မစျေးရှိ သောက်သုံးရေကန်များတွင် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးကျော်နိုင်နှင့်ဝန်ထမ်းများ၊ တာဝန်ရှိဌာနဆိုင်များက မြို့မစျေးရှိ သောက်သုံးရေကန်များ၊ မီးသတ်ရေကန်များတွင် ပိုးလောက်လန်းများ ပေါက်ပွားမှုမရှိစေရေး၊သွေးလွန် တုပ်ကွေးရောဂါဖြစ်ပွားစေသည့် ခြင်များ ခိုအောင်းမှုမရှိစေရေး ရေပုံး၊ ရေခွက်၊ ရေတွင်း၊ ရေကန်နှင့် ရေဝပ်နေသည့်နေရာများ၌ အဘိတ်ဆေးခပ်ခြင်းလုပ်ငန်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ဆောင်ရွက်ခြင်း၊ ပညာပေးလုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ အမှုဆောင်အရာရှိ ဦးကျော်နိုင်နှင့်ဝန်ထမ်းများသည် မြို့မစျေးအတွင်း သား၊ ငါးနှင့်ကုန်စိမ်း၊ ကုန်ခြောက်ရောင်းချသည့်ဆိုင်များတွင် အလေး၊ ချိန်ခွင်မှန်ကန်မှုရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)