ဒေါပုံမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းတွင် လူတိုင်းပါဝင်စို့ လူထုအသိပညာပေး Bill Board စိုက်ထူပွဲကျင်းပ

ဒေါပုံ ဇွန် ၁၈

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ()ရက်နေ့မှ (၁၅)ရက်နေ့အထိကောက်ယူမည့် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် လူထုအသိပညာပေးလုပ်ငန်းဖြစ်သည့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းတွင် လူတိုင်းပါဝင်စို့ Bill Board စိုက်ထူပွဲကို ယမန်နေ့နံနက် နာရီအချိန်က ဒေါပုံစျေးအရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းတွင် လူတိုင်းပါဝင်စို့ Bill Board အား ဒေါပုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်မင်းအေး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးထွန်းနေဝင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးဦးမျိုးမြင့်ထွန်းနှင့် မြို့မိမြို့ဖများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ခဲ့ကြသည်။ ထို့နောက် Bill Board ကို အမွှေးနံ့သာရေများဖြင့် ဖျန်းပက်ခဲ့ကြပါသည်။ ယင်းနောက် တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ NGO အဖွဲ့အစည်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ၊ တီရှပ်အင်္ကျီများ၊ ဦးထုပ်များနှင့် ပိုစတာများကို တာဝန်ရှိသူများက ဖြန့်ဝေဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ချစ်စုဝေ(ပြန်/ဆက်)