တန့်ယန်း ဇွန် ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူလူငယ်မောင်မယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်၍ အတွေ့အကြုံဗဟုသုတရရှိစေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပပေးလျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲ၌ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးဒေါ်နန်းခမ်းမန်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိဒေါ်နန်းအိအိဖြူက လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပရခြင်းအကြောင်းကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း Grade-9 မှ မဧသတာ၊ မနန်းယဉ်မင်းအိမ်၊ မနန်းလောဝ်အွန်၊ မောင်လေပြေသွေးနှင့် မောင်စိုင်းလင်းသစ်တို့က “လူငယ်နှင့်မူးယစ်ဆေးဝါး” ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားရာ လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများ၏ သိရှိလိုသည့်အချက်အလက်များကို ပြန်လည်ဖြေကြားခဲ့ကြကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)